စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ sawjefry

ဖြည်းညှင်းသောသဘောနှင့် အမှားပြင်ခြင်း

ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တွင် ကျင်းပသည့် ညီလာခံပြီးသောအခါ ကျွန်တော်တို့
အုပ်စုသည် နောက်တစ်နေ့မနက် လေယာဉ်ဖြင့် အိမ်ပြန်မည်ဖြစ်၍ တည်းခိုသည့် ဧည့်
ဂေဟာသို့ ပြန်ကြသည်။ ဧည့်ဂေဟာသို့ရောက်သော် ကျွန်တော်တို့အဖွဲ့မှတစ်ဦးက
သူမ၏အိတ်ကို ညီလာခံကျင်းပသည့်နေရာ၌ မေ့ကျန်ခဲ့
ကြောင်း ပြောပြီး အိတ်ပြန်ယူရန် ထွက်သွားသည်။ ထိုအခါ
အမြဲတမ်း အသေးစိတ်ကို ဂရုစိုက်သူ ကျွန်တော်တို့ အဖွဲ့
ခေါင်းဆောင်က အိတ်ပြန်ယူရန် ထွက်သွားသူကို (သူ့
နောက်ကွယ်) ကျွန်တော်တို့ ရှေ့မှာပင် ပြင်းထန်စွာ ဝေဖန်
ပြောဆိုလိုက်သည်။
နောက်တစ်နေ့ လေဆိပ်သို့ ဆင်းရာ၊ လေဆိပ်ရောက်
မှ အဖွဲ့ခေါင်းဆောင်က သူ့ခရီးဆောင်သေတ္တာ ကျန်ခဲ့ကြောင်း
သိလိုက်ရသည်။ ဧည့်ဂေဟာတွင် သူ့သေတ္တာနှင့် သူ့နိုင်ငံကူး
လက်မှတ် ကျန်ခဲ့သည်။ သူ့သေတ္တာကို ပြန်ယူရသဖြင့်
ကုန်ကျစရိတ်ပိုများသွားသည်။ နောက်ပိုင်းတွင် သူက ‘‘ငါ
ဘယ်တော့မှ ဒီလို…

အမြင်ပုံရိပ်နှင့် စပ်လျဉ်း၍ အကြံပေးသူ

သတင်းနှင့်မီဒီယာ လွှမ်းမိုးနေသောခေတ်တွင် အကြံပေးသူများသည် မရှိမဖြစ် လိုအပ်
လာသည်။ ဖျော်ဖြေရေးသမား၊ အားကစားသမား၊ နိုင်ငံရေးသမားနှင့် စီးပွားရေးသမား
များသည် တစ်လောကလုံး သူတို့ကို မြင်သည့်အမြင်ကို လက်ခံချင်စဖွယ်ဖြစ်အောင်
စီမံထိန်းချုပ်ရန် ကြိုးပမ်းခဲ့ကြသည်။ ထိုကြေးကြီးပေးရသည့်
အကြံပေးများက အလုပ်လာအပ်သူ၏ အတွင်း စိတ်ထားနှင့်
၎င်းတို့အပေါ် ပြည်သူလူထု၏အမြင်တို့ ကွဲပြားနေသည့်တိုင်
ပုံရိပ်ကောင်းမွန်လှပအောင် ပုံသွင်းလုပ်ဆောင်ပေး ကြသည်။
လက်တွေ့ဘ၀တွင် ကျွန်ုပ်တို့အားလုံး လိုအပ်
နေသောအရာမှာ အပြင်ပန်းမွမ်းမံမှု မဟုတ်ဘဲ အတွင်း
သဏ္ဌာန် ပြောင်းလဲခြင်းဖြစ်သည်။ မပေါ်လွင်ဆုံးသော
အားနည်းချို့ယွင်းချက်ကိုပင် မိတ်ကပ်ဖို့၍ မဖုံးနိုင်၊ မပြင်နိုင်
ပါ။ ချို့ယွင်းအားနည်းများသည် မိမိ၏စိတ်ထား၊ နှလုံးသား
ခံယူချက် အတွေးတို့နှင့် တိုက်ရိုက်သက်ဆိုင်ပြီး၊ ကျွန်ုပ်
တို့ကို ဖန်ဆင်းခဲ့သည့် ဘုရား၏ပုံသဏ္ဌာန်တော်နှင့် မည်မျှ
ကွာဟနေကြကြောင်း ဖော်ပြသည်။ ၎င်းကို ပြောင်းလဲပြုပြင်ရန်မှာ လူအစွမ်းအစဖြင့်
လုပ်ဆောင်နိုင်သောအရာ…

ဘုရားသခင်ထံ ချဉ်းကပ်ဝင်ရောက်နည်း

နည်းပညာသည် နည်းလမ်းများစွာဖြင့် ကောင်းချီးဖြစ်စေပါသည်။ ကျန်းမာရေး
ပြဿနာကြောင့် အချက်အလက်များ သိချင်ပါသလား။ အင်တာနက်ပေါ်တွင် ရှာဖွေပါ။
သင့်ကို အထောက်အကူပေးမည့်အချက်အလက်များစွာ အဆက်မပြတ်ပေါ်လာမည်။
သူငယ်ချင်းများနှင့် ဆက်သွယ်လိုပါသလား။ SMS စာပို့/
အီးမေးလ်ပို့၊ ဖေ့စ်ဘွတ်ခ်ပေါ်၌ ရေးလိုက်ရုံပင်။ သို့သော်
နည်းပညာကြောင့်လည်း အကြိမ်ပေါင်းများစွာ သင်စိတ်
အနှောင့်အယှက်ဖြစ်ခဲ့ဖူးမည်။ တစ်နေ့က ကျွန်တော်
ဘဏ်စာရင်းကို ကြည့်ရန် အကြောင်းပေါ်လာသည်။ သို့သော်
လုံခြုံရေးအတွက် မေးခွန်းပေါင်းများစွာ အမေးခံခဲ့ရသည်။
ယခင်က ဖြေထားသည့်အတိုင်း တိကျသောအဖြေကို
မပေးနိုင်သဖြင့် ကျွန်တော့်ကိုယ်ပိုင်စာရင်း အပိတ်ခံလိုက်
ရသည်။ တဖန်အရေးတကြီး ပြောနေသောဖုန်း ပြတ်တောက်
သွားသည်။ ဓာတ်ခဲအားကုန်သွားသဖြင့် အားပြန်မသွင်း
မချင်း ဘာမှလုပ်၍ မရတော့ပါ။
ဤလက်တွေ့အခြေအနေများအားဖြင့် ကျွန်ုပ်တို့
ဘုရားသခင်ထံ ၀င်ရောက် သောအခါ မည်သည့် လုံခြုံရေး
မေးခွန်း၊ မည်သည့်ဘက်ထရီမှ မလိုကြောင်း နားလည်ရ၍…

တစ်လှေတည်းစီး

အပျော်စီးသင်္ဘော ကမ်းကပ်သောအခါ ခရီးသည်များ ဒရောသောပါးနှင့် ဆင်းလာ
ကြသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သင်္ဘောပေါ်၌ ဗိုင်းရပ်စ်ရောဂါ ပြန့်ပွားခဲ့၍
ရာပေါင်းများစွာသောခရီးသည်များ ရောဂါဝေဒနာကို ခံစားခဲ့ရသည်။ သင်္ဘောပေါ်မှ
ဆင်းလာသော ခရီးသည်တစ်ယောက်ကို မေးမြန်းသောအခါ
သူက ‘‘ကျွန်တော် သိပ်ပြီး စောဒက မတတ်ချင်ပါဘူး။
ကျွန်တော်တို့ အားလုံးက တစ်လှေတည်း စီးနေကြတာလေ’’
ဟု ဖြေကြားခဲ့သည်။ မရည်ရွယ်ပါဘဲနှင့် ဟာသမြောက်
သော စကားကြောင့် သတင်းထောက်မှာ ပြုံးမိသည်။
ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ၈ တွင်လည်း
အခြား ရေကြောင်းခရီးစဉ်တစ်ခုအကြောင်း ဖတ်ရသည်
(း၂၃-၂၇)။ သခင်ယေရှုလှေထဲသို့ ၀င်သောအခါ၊ တပည့်တော်တို့သည် လိုက်ကြ၏
(း၂၃)။ ထို့နောက် မုန်တိုင်းကျလေရာ၊ တပည့်တော်တို့သည် သူတို့အသက်အန္တရာယ်ကို
စိုးရိမ်ပူပန်လျက် ထိုအခြေအနေကို သခင်မသိဟု အထင်နှင့် အိပ်ပျော်နေသည့်
သခင့်ကို ခေါ်နိုးကြသည်။
တပည့်တော်တို့နှင့်…

ချစ်ခြင်းနှင့်အလင်း

နွေရာသီ သီးနှံစိုက်ခင်းများအတွက် သူငယ်ချင်းများ စတင်ပြင်ဆင်နေကြသည်။
အချို့က အိမ်တွင်းမှာပင် အစေ့ပျိုးပြီး အစို့အညှောင့်ထွက်ကာ အပင်ပေါက်နိုင်အောင်
ပျိုးထောင်ပေးသည်။ နှင်းမုန်တိုင်း အန္တရာယ်လွန်သွားမှ ပျိုးပင်ပေါက်များကို အိမ်ပြင်
ထုတ်ကာ စိုက်ပျိုးကြသည်။ ခြံစိုက်သည်နှင့်တပြိုင်နက်
ပေါင်းသင်၊ မြေဩဇာကျွေး၊ ရေလောင်း၊ ကြွက်နှင့် ပိုးမွှား
အန္တရာယ် ကာကွယ်ခြင်းလုပ်ငန်းများ စတင်လုပ်ကိုင်ရတော့
သည်။ အစာရေစာကို စိုက်ပျိုးထုတ်လုပ်ခြင်းသည်
အင်မတန်မှ အလုပ်များသည်။
ဣသရေလလူမျိုးများသည် ကတိထားတော်မူသော
ပြည်သို့ မ၀င်ရောက်မီတွင် မောရှေက အထက်ပါအတိုင်း
သတိပေးခဲ့သည်။ သူတို့ အီဂျစ်ပြည်၌နေစဉ်က ပင်ပန်းစွာ
လယ်ယာလုပ်ခဲ့ကြရသည် (တရား ၁၁၁း၁၀)။ သို့သော်
ဘုရားသခင် သူတို့ကို ပို့ဆောင်သည့် နေရာသစ်တွင်
အရင်မိုး၊ နောက်မိုး ရွာစေခြင်းဖြင့် အလုပ်များကို သက်သာ
စေမည်အကြောင်း ‘‘သင်တို့သည် စပါး၊ စပျစ်ရည်၊ ဆီတို့ကို စုသိမ်းစေခြင်းငှာ
အရင်မိုး၊…

ဇာတ်လမ်း၏ နောက်ကွယ်၌ ရှိသောစာအုပ်

၁၉၃၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် အမေရိကန်နိုင်ငံ၌ စတင်ဖြန့်ချိခဲ့သော ‘‘ Gone with
the Wind’’ ရုပ်ရှင်ကို ကမ္ဘာတစ်ဝန်းမှ လူသန်းပေါင်းများစွာတို့ ကြည့်ဖူးကြလိမ့်မည်။
၎င်းသည် အကယ်ဒမီဆု ၁၀ဆု ဆွတ်ခူးပြီး ဟောလိဝုဒ်၏ရောင်းအား အကောင်းဆုံး
ရုပ်ရှင်အဖြစ် ရပ်တည်ခဲ့သည်။ ထိုရုပ်ရှင်သည် ၁၉၃၆
ခုနှစ်က ရေးသားထုတ်ဝေခဲ့သော Magaret Mitchell ၏
ဝတ္တုကို အခြေခံထားသည်။ ထိုဝတ္တုကို ၆ လ အတွင်း
အုပ်ရေ သန်းနှင့်ချီကာရောင်းခဲ့ရပြီး ပူလစ်ဇာ စာပေဆုရကာ
ဘာသာစကားပေါင်း ၄၀ ကျော်နှင့် ဘာသာပြန် ထုတ်ဝေခဲ့
သောဝတ္တုဖြစ်သည်။ ဤသို့ အထွတ်အထိပ် အောင်မြင်ခဲ့
သော ရုပ်ရှင်သည် ဆွဲဆောင်မှုအားကောင်းပြီး အမြဲတမ်း
မှန်ကန်သည့် အကြောင်းအရာများ ရေးသားထားသည့်
စာအုပ်၊ ၀တ္တု၌ အရင်းခံသည်။…

ရှိသမျှအကုန်ပေးပါ

အမေရိကန် သမ္မတရာထူး အပ်နှင်းသည့် အခမ်းအနားတွင် ဂျွန်အက်ဖ် ကနေဒီ သည်
အမေရိကန်ပြည်သူတို့အား ‘‘သင့်တိုင်းပြည်က သင့်အတွက် ဘာလုပ်ပေးမလဲဆိုတာ
မမေးဘဲ၊ တိုင်းပြည်အတွက် သင်ဘာပြန်လုပ်ပေးနိုင်မလဲကိုသာ မေးကြရအောင်’’ ဟု
စိန်ခေါ်ခဲ့သည်။ ၎င်းသည် သူ၏တစ်ခုတည်းသော မိန့်ခွန်းဖြစ်သည်။ မိမိဘ၀ကို
ပြည်သူအတွက် စွန့်လွှတ်စွန့်စားရန်၊ သူတစ်ပါးအပေါ်
အစေခံရန်၊ နိုင်ငံသားများကို တစ်ဖန် ပြန်လည်နိုးဆော်
သတိပေးခြင်းဖြစ်သည်။ သမ္မတ၏စိန်ခေါ်မှုသည် တိုင်းပြည်
အတွက် အထူးသဖြင့် စစ်ပွဲအတွင်း ပါဝင်ခဲ့သည့် အမျိုးသား၊
အမျိုးသမီးတို့၏ သားသမီးများကို လှုံ့ဆော်မှုဖြစ်စေခဲ့သည်။
သမ္မတကြီး ဆိုလိုသည့် အဓိပ္ပာယ်က ရိုးရိုးလေးပါ။
‘‘ဘိုးဘွားများ အသက်နှင့်ရင်းပြီး ရယူပေးခဲ့သောအရာများကို
ငြိမ်းချမ်းစွာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်’’။
များစွာသော စေတနာ့ဝန်ထမ်းများသည် ထိုစိန်ခေါ်မှုအတိုင်း
လုပ်ဆောင်ခဲ့ခြင်းကြောင့် ထိုဆယ်စုနှစ်အတွင်း လူသားချင်း
စာနာသနားသည့် လူမှုရေးအကျိုးပြုလုပ်ငန်းများသည် ကမ္ဘာ
တစ်ဝန်း၌ မရေမတွက်နိုင်လောက်အောင် အောင်မြင်မှုများ…

မျှော်လင့်ခြင်းရှိသော အသက်တာများ

ပြောမထွက်နိုင်လောက်သော အဖြစ်ဆိုးများသည် ဘ၀ကို ကြေမွပျက်စီးစေသောအခါ
လူတို့အဖြေရှာကြသည်။ မကြာမီက ဆယ်ကျော်သက်အရွယ် ကလေးတစ်ယောက်ကို
ဆုံးရှုံးခဲ့ရသော မိခင်က ‘‘ ကျွန်မဘယ်လိုမှ အဖြေရှာမရခဲ့ဘူး။ ဘုရားကို ကျွန်မဆက်ပြီး
ယုံကြည်နိုင်ပါ့မလား၊ ဘုရားကိုယုံဖို့ ကျွန်မကြိုးစားပေမဲ့၊
ကျွန်မအတွက် ဘုရားက ဘယ်လိုမှ အဓိပ္ပာယ်မရှိတော့ဘူး။
ဒီလိုဖြစ်ပျက်နေတာ ဘာတွေလဲ’’ ဟဆိုသု ည။် ဤက့ဲသို့သော
ပြဿနာကြီးအတွက် လွယ်ကူသောအဖြေများ ရှိရိုးထုံးစံ
မရှိပါ။ သို့သော် ခရစ်တော်ကို ယုံကြည်သူများအဖို့ကောင်းချီး
အရိပ်အောက် ခိုလှုံရချိန်ဖြစ်စေ၊ ပူဆွေးဝမ်းနည်းမှုများ
ဝါးမြိုခံရချိန်ဖြစ်စေ၊ မျှော်လင့်ခြင်းအပြည့် ရှိနေသည်။
ရှင်ပေတရုက ထိုအကြောင်းကို ရေးသားရာ၌ ‘‘ငါတို့
မျှောလ် ငြ့်ခင်းအကြောင်း ရှိစေခြင်းငှာ တဖန်ဖြစဘ်ွားစေတော်
မူသော’’ ဘုရားသခင်ကို ချီးမွမ်းသည် (၁ ပေ ၁း၃) ။ ထို…

ယခု - သွားလော့

၁၉၈၆ ခုနှစ်၊ အမ်စတာဒမ်မြို့ရှိ ဇာတ်ရုံကြီးတွင် ကမ္ဘာကျော် ဧ၀ံဂေလိဆရာကြီး ဘီလီ
ဂရေဟမ်၏ တရားဒေသနာကို ခံယူနေကြသည့် ဧ၀ံဂေလိဆရာများနှင့် ခရစ်ယာန်
ခေါင်းဆောင်ပေါင်း တစ်သောင်းကျော်တွင် ကျွန်ုပ်လည်း အပါအ၀င်ဖြစ်ပြီး ဆရာကြီး၏
အတွေ့အကြုံများကို နားထောင်ခဲ့သည်။ ဆရာကြီးက ‘‘ကျွန်တော် တစ်ခုပြောပြပါရစေ။
တရားဟောဖို့ ဘုရားသားသမီးတွေရှေ့ မှာ မတ်တပ်ရပ်တဲ့ အချိန်တိုင်းမှာ ကျွန်တော်
ကြောက်ဒူးတုန်ခဲ့ရပါတယ်’’ ဟု ပြောသဖြင့် ကျွန်တော် အံ့ဩသွားရသည်။
‘‘ဘယ်လို၊ လူသန်းပေါင်းများစွာကို တန်ခိုးနှင့်ပြည့်တဲ့
တရားဟောချက်များဖြင့် ဖမ်းစားခဲ့၊ ကျေနပ်စေခဲ့တဲ့ အံ့မခန်း
တရားဟောဆရာကြီးက ကြောက်ဒူးတုန်တယ်တဲ့၊ မဖြစ်နိုင်
စရာကြီး’’ ဟု ကျွန်တော် တွေးမိသည်။ ဆရာဆက်ပြော
သည်က စင်ကြောက်ပြီး တုန်သည့်အကြောင်း မဟုတ်ပါ။
သူ့အား ကြီးမြတ်သော ထိုအမှုတော်ကို ထမ်းရွက်ရန်
ဘုရားသခင် ရွေးကောက်ထားသောကြောင့် မစုံလင်မှုကို
ခံစားမိသည့်တစ်ချိန်တည်းမှာပင်…

ပျော်ရွှင်ဖွယ်ရာ ဇာတ်သိမ်း

ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပြောပြသည့်အဖြစ်အပျက်က ကြာခဲ့ပြီ။
သူဘောလုံးပွဲ ကြည့်နေစဉ် သူ့သမီးလေးက အနီးတွင် ကစားနေသည်။ သူအားပေး
နေသော အသင်း၏ကစားပုံညံ့ဖျင်းမှုကြောင့် အနီးရှိ ပစ္စည်းတစ်ခုကို ကောက်ကိုင်ပြီး
ပစ်ပေါက်ခဲ့သည်။ သမီးငယ်လေး၏အရုပ်နှင့်အတူ သမီး၏
နှလုံးသားလည်း တစ်စစီကြေကွဲခဲ့သည်။ သမီးကို
ချက်ခြင်း ပွေ့ဖက်တောင်းပန်လိုက်ပြီး အရုပ်ကလေးကို
တစ်စစီ ပြန်ကောက်ဆက်ပေးခဲ့သည်။ အရာအားလုံး
ကောင်းသွားပြီဟု သူထင်ခဲ့သည်။ သို့ပေမဲ့ သူ့ဒေါသက
(၄)နှစ်အရွယ် သမီးငယ်အား မည်မျှထိတ်လန့်စေခဲ့သည်၊
သူမကို မည်မျှ နာကျင်စေခဲ့သည်ကို သူမသိခဲ့ပါ။
နှစ်ပေါင်းများစွာကြာပြီးနောက် ထိုသမီး အိမ်ထောင်
ကျပြီး မီးဖွားကာနီးတွင် အထက်ပါအရုပ်နှင့်တစ်ပုံစံတည်း
တူသည့် အရုပ်ကို သူမထံပေးပို့ခဲ့သည်။ သမီးက
ထိုအရုပ် လေးကို ဓာတ်ပုံရိုက်ပြီး ‘‘ဒီလက်ဆောင်လေးရဲ့
ရာဇ၀င်က ကျွန်မကလေးဘ၀မှာ ရှိခဲ့တယ်။ နှစ်သက်စရာ
ဇာတ်လမ်း မဟုတ်ခဲ့ပေမဲ့ အခုတော့ ပျော်စရာဇာတ်သိမ်း ရှိလာပါပြီ။…